နေရာတိုင်းအရေးပါချင်တဲ့ရောဂါ
ကျနော်တို့ ပတ်၀န်းကျင်မှာရှိတဲ့ လူတွေထဲမှာ
main caracter syndrome လို့ခေါ်တဲ့ နေရာတိုင်းအရေးပါချင်တဲ့ရောဂါ ရှိနေတဲ့သူတွေရှိတယ်
သူတို့ကိုယ်သူတို့တော့ သတိမထားမိပေမဲ
ပတ်၀န်းကျင်အတွက်တော့ အတော်လေး စိတ်ညစ်စရာကောင်းတယ်
အဲ့လိုလူတွေမှာရှိတဲ့ အချက်တွေကတော့
1. လူကြားထဲမှာ ပေါ်ပြူလာဖြစ်အောင် အမြဲနေတယ်
2. သူတို့ကိုလူတွေသတိထားမိအောင် ပြုမူနေထိုင်တယ်
3. အမြဲအသံကောင်းဟစ်တယ်
4. လူတွေကို သူတို့ကအမြဲကူညီနေတဲ့အကြောင်းပြောတယ်
5. Social Media ပေါ်မှာ လူထင်ကြီးစေတဲ့ post တွေတင်တယ်
6. အမြဲအောင်မြင်ပျော်ရွှင်တဲ့ဘ၀ကြီး
ပိုင်ဆိုင်ထားကြောင်း လူတွေကို ခဏခဏပြောတယ်
7. လူတွေသူတို့ကိုအားကိုးကြောင်း ခဏခဏ ပြောတယ်
8. ဘယ်လောက် နှိမ့်ချတတ်ကြောင်း ဂုဏ်ယူစွာပြောတယ်
တကယ်တော့ အဲ့လိုလူတွေက သနားစရာကောင်းတယ်
သူတို့ဘ၀မှာ ငွေကြေးကြောင့် အရေးပါခဲ့တဲ့နေရာကလွဲရင် ဘာမှသိပ်မရှိလို့
သူတို့မှာ သိမ်ငယ်စိတ်ရှိတယ် ၊
အားငယ်စိတ်ရှိတယ် ၊ ဝမ်းနည်းကြေကွဲမှုတွေရှိတယ် ။
အဲ့ဒါတွေကို လူတွေကို မပြဘူး ။
ဘာလို့လဲဆိုတော့ အထင်သေးခံရမှာစိုးလို့
သူတို့ လူရာဝင်ချင်တဲ့စိတ်ကြောင့်ပဲ
တဖြေးဖြေး လူရာမဝင်တော့တာကို နားမလည်ကြဘူး
ငွေကြေးသာ ကောင်းကောင်းသုံးနိုင်ရင်တော့ လူတိုင်းလူရာဝင်တာပေါ့
တစ်ခုသတိထားရမှာက
သင့်မှာ ငွေကြေးဆိုတာမရှိတော့ရင် သင့်ကို လူတွေဘယ်လိုဆက်ဆံမလဲဆိုတာပဲ
တချို့ကြတော့လည်း ဗီဇကိုက အဲ့လိုဖြစ်နေတာတွေရှိတယ်
#victorswemyint